• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, November 30, 2013

ငြိမ်းချမ်းရေးအကြောင်း တထောင့်တနေရာ

ဥက္ကဌ ဗိုလ်မှူးကြီး တာအိုက်ဖုန်းနှင့် ရဲဘော်သစ်များ အမှတ်တရ
ဓါတ်ပုံ - ( PSLF/TNLA)

ငြိမ်းချမ်းရေးအကြောင်း တထောင့်တနေရာ

November 30, 2013
Saturday

By မင်းစိုးစံ

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)ရဲ့ ဥက္ကဌတာအိုက်ဖုန်း တအာင်းအမျိုးသားလွတ်မြောက်
ရေးတပ်မတော် (TNLA) ၏ အကြီးအကဲ ဗိုလ်မှူးကြီးနဲ့ ရွှေဟင်္သာသတင်းဌာန ဆက်သွယ်မေးမြန်းခန်းထဲ
ကကောက်နုတ်ချက်လေး တင်ပြပါရစေ။

ရွှေဟင်္သာသတင်းဌာနက
ဒီအခြေအနေအတိုင်းဆိုရင်တော့ ငြိမ်းချမ်းရေးရနိုင်ပါ့မလား။
ဆိုတဲ့မေးခွန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးရဲ့ ဗိုလ်မှူးကြီး ပြောသွားတဲ့အထဲမှာ
အစိုးရဖက်က လိုချင်နေတာက အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတာနဲ့ ငြိမ်းချမ်းရေးရပြီလို့ဘဲ မြင်နေတာကိုး။
လို့ ပြောသွားပါတယ်။ အင်မတန်ကို သိမ်မွေ့တဲ့ စကားလုံးတွေပါ။
တနည်းပြောရလျင် လူကြီးလူကောင်းအင်မတန်ဆန်တဲ့ အသုံးအနှုံးပါ။
တကယ်တမ်းမှာတော့ ဗမာစစ်အစိုးရ သဘောထားတာက အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတာနဲ့ လက်နက်
ချပြီးသား လို့တထစ်ချသတ်မှတ်ထားပြီးသားလို့ ပြောပစ်လိုက်ရမှာပါ။
အဲဒါကို ဘာနဲ့သက်သေပြမလဲလို့ မေးလျင် အစိုးရတင်သွင်းထားသည့် တပြည်လုံးအပစ်ရပ်ရေးစာချုပ် (မူကြမ်း) ဆိုတာကို လေ့လာကြည့်လျင် သိနိုင်ပါတယ်။
အပြည့်အစုံကိုတော့ ရွှေဟင်္သာသတင်းဌာနမှာ သွားပြီးလေ့လာကြည့်နိုင်ပါတယ်။ 

အောက်က ဗမာ့အမျိုးသား သီချင်းကိုနားသောတ ဆင်ကြည့်ကြပါ။
ပြိးတော့သီချင်းစာသားလေး အသေအခြာအရသာခံစားကြည့်ပါ။
ဗမာစစ်အစိုးရ လိုချင်တဲ့ငြိမ်းချမ်းရေးအစ်အမှန်ဆိုတာကို ပိုပြီးသဘောပေါက်သွားပါလိမ့်မယ်။



တွေ့ဆုံမေးမြန်းခန်း ကောက်နုတ်ချက် 
 
မေး ။ ။ ဒီအခြေအနေအတိုင်းဆိုရင်တော့ ငြိမ်းချမ်းရေးရနိုင်ပါ့မလား။
ပလောင်ဒေသမှာ ဘယ်လိုရှုမြင်ပါသလဲ။

ဖြေ ။ ။ ငြိမ်းချမ်းရေးစကားလုံးဟာ လူတိုင်းပြောနေတာဘဲလေ။
အစိုးရဖက်ကလည်း ပြောနေတာဘဲ။
နားထောင်ကောင်းရုံဘဲလားတော့ မပြောတတ်ဘူးပေါ့။
ကျနော်တို့ဖြစ်စေချင်တာကတော့ ရေရှည်တံ့တဲ့ငြိမ်းချမ်းရေးမျိုးကို ဖြစ်စေချင်ပါတယ်။
ဒီတော့ ဒီလိုငြိမ်းချမ်းရေးမျိုးကိုရဖို့ဆိုတာက ဖြစ်ပေါ်နေတဲ့ ပဋိပက္ခပြသနာတွေကို နိုင်ငံရေးအရဖြေရှင်းလို့
ပြေလည်မှ ရမယ်လေ။
အပစ်ရပ်ရုံနဲ့ ငြိမ်းချမ်းရေးရပြီလို့ ပြောတာဟာ မဖြစ်နိုင်ဘူးလေ။
ဖြစ်လည်း မဖြစ်ခဲ့ပါဘူး။
အဲဒီတော့ တိုင်းရင်းသားတွေရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တွေ
မရှိဘဲနဲ့တော့ တကယ့်ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတွေရပြီလို့ ပြောလို့မရဘူးလေ။

မေး ။ ။ ဟုတ်ကဲ့။ အစိုးရနဲ့လည်း ဆွေးနွေးခဲ့တယ်။
ပြီးတော့ ပြန်တွေ့ဖို့လည်းချိန်းခဲ့တာရှိတယ်။
ဆိုတော့ အစိုးရနဲ့ ဘယ်တော့လောက်ပြန်တွေ့နိုင်မလဲ။

ဖြေ ။ ။ ဒါကတော့ အစိုးရဖက် မှာဘဲ မူတည်ပါတယ်။
ကျနော်တို့ အမြဲတမ်းတောင်းဆိုနေတာကတော့ တွေ့ဆုံဆွေးနွေးရေး ကနေတဆင့် နိုင်ငံရေးပြသနာတွေ
ကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့အတွက် အမြဲတမ်းတံခါးဖွင့်ထားတယ်။
ဒါပေမဲ့ အစိုးရဖက်ကလိုချင်နေတာက အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတာနဲ့ ငြိမ်းချမ်းရေးရပြီလို့ဘဲ မြင်နေ
တာကိုး။

ကျနော်တို့ကတော့ အပစ်အခတ်ရပ်စဲရေးလုပ်လို့ ငြိမ်းချမ်းရေး ရတာမဟုတ်ဘူး။
ဖြစ်နေတဲ့ နိုင်ငံရေးပြသနာတွေကိုဖြေရှင်းမှ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရမှာလေ။
ဒီတော့ တခြားစီဖြစ်နေတယ်။
သဘောကတော့ အပစ်အခတ်ရပ်စဲရေးမလုပ်ဘဲနဲ့ နိုင်ငံရေးဆက်ဆွေးနွေးသွားရင်လည်း တိုက်ခိုက်မှုတွေ
က တဖြည်းဖြည်းလျှော့သွားမှာဘဲလေ။
အဲဒီလိုမျိုး ကျနော်တို့မျှော်လင့်တယ်။

ဒါကလည်း အစိုးရဖက်ကထားရှိတဲ့ စေတနာအပေါ်မှာ အများကြီးမူတည်ပါတယ်။
ဖြစ်သင့်တာက တွေ့ဆုံဆွေးနွေးမှုကနေတဆင့် ယုံကြည်မှုတည်ဆောက်ကြဘို့ရယ်။
ရရှိလာတဲ့ ယုံကြည်မှုတွေကနေတဆင့် နိုင်ငံရေးပြသနာတွေကို ဖြေရှင်းသွားမယ်။
စိတ်ရင်းစေတနာနဲ့ တကယ်ဖြေရှင်းလို့ ပြေလည်သွားရင်တော့ ကျနော်တို့ပြောနေတဲ့ တကယ့်ရေရှည်တည်
တံ့တဲ့ ငြိမ်းချမ်းရေးကို အမှန်ရရှိလိမ့်မယ်လို့ ခံယူထားပါတယ်။

မေး ။ ။ ဒါဆိုရင် လက်ရှိ အခြေအနေကနေ ရှေ့ဆက်အလားလာတွေ ဘယ်လို ဖြစ်လာမလဲဆိုတာသုံးသပ်
ပေးပါလား။

ဖြေ ။ ။ အလားအလာကတော့ ကျနော်တို့က လိုင်ဇာမှာကျင်းပခဲ့တဲ့ လက်နက်ကိုင်တိုင်းရင်းသား ညီလာခံ
ရဲ့ သဘောတူညီချက်မူအတိုင်း သွားမှာပါ။
အဲဒီသဘောတူညီချက်ကို အကောင်အထည်ဖေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး
အဖွဲ့ (NCCT)မှာလည်း ကျနော်ပါတယ်။
လက်ရှိမှာလည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကိစ္စနဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်
ကိစ္စတွေ ရေးဆွဲနေတယ်။
ပြီးရင် တိုင်းရင်းသားညီလာခံ ဆက်လုပ်မယ်။
အဲဒီညီလာခံပြီးရင် အစိုးရနဲ့ထပ်တွေ့မယ်။
ဆွေးနွေးမယ် ဖြေရှင်းမယ် ဆိုတဲ့ (process)ပရောစက် ထဲမှာဘဲ (PSLF)က ဆက်သွားနေမှာဖြစ်ပါတယ်။


အပြည့်အစုံကိုတော့ ရွှေဟင်္သာသတင်းဌာနမှာ သွားပြီးလေ့လာနိုင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုကသည်တဦး)