• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, August 19, 2013

ပစ်ခတ်မှုကိစ္စ KNU နှင့် BGF တို့ တွေ့ဆုံဆွေးနွေး



ပစ်ခတ်မှုကိစ္စ KNUနှင့် BGFတို့ တွေ့ဆုံဆွေးနွေး

Sunday, 18 August 2013

Written by ဖြူဖြူကို

နှစ်ဖက်ပစ်ခတ်မှုနှင့်ပါတ်သက်ပြီးဖြေရှင်းရန် ကရင်အမျိုးသားအစည်းအရုံး (KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ်
ဂျော်နီအဖွဲ့နှင့် အစိုးရနယ်ခြားစောင့်တပ် (BGF)မှ ဗိုလ်ချုပ် စောထွန်းလှိုင်တို့သည် ယနေ့ နေ့လည်ပိုင်းတွင်
ကရင်ပြည်နယ် ဘားအံမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ ကြသည်ဟု BGFမှ သတင်းနှင့်ပြန်ကြားရေး အတွင်းရေးမှူး
ဗိုလ်မှူး နိုင်မောင်ဇော်က ဆိုပါသည်။

“ကျနော်တို့ဘက်ကတော့ ဒီလိုပစ်ခတ်မှုက မဖြစ်သင့်တော့သလို နောင်လည်းမဖြစ်ဖို့ပါ။
အခုအချိန်က အချင်းချင်း ငြိမ်းချမ်းရေးအတွက် အားလုံးကြိုးပမ်းနေချိန်မှာ ဖြစ်စဉ်က အလွန်တရာမှရုပ်ဆိုး
အကြည်းတန်စေပါတယ်။
ကျနော်တို့ဘက်က လွန်ရင် ကျနော်တို့အရေးယူမှာပါ။
အခုကိစ္စမှာ KNUဘက်က သူတို့အစည်းအဝေး ပြန်ခေါ်ပြီး ပြန်ညှိနှိုင်းပေးမယ်လို့ ပြောပါတယ်။”

ဟု ဆိုပါသည်။ ထို့အပြင် သြဂုတ်လ (၂၀)ရက်နေ့တွင် ကျရောက်မည့် BGFတပ်ဖွဲ့တည်ထောင်ခြင်း (၃)နှစ်
ပြည့်အခမ်းအနားကို မြ၀တီခရိုင် ရွေကုက္ကိုလ်ကျေးရွာတွင် ကျင်းပပြီးစီးပါက ထပ်မံဆွေးနွေးမည်ဟုလည်း
ဆိုပါသည်။

KNUတပ်ဖွဲ့သည် ပြီးခဲ့သည့် သြဂုတ်လ (၁၆)ရက်နေ့၌ ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ BGF ၀ဲကြီးစခန်းကို ၀င်ရောက်ပစ်ခတ်ခဲ့ပါသည်။ ယင်းတိုက်ခိုက်မှုတွင် BGFမှ ဒုတပ်ကြပ် စောစိန်ပွင့်နှင့် တပ်သား စောကြည်
သန်းတို့ နှစ်ဦး ဒါဏ်ရာရရှိခဲ့ပါသည်။ အစိုးရတပ်များသည် BGFနာမည်ဖြင့် KNUတပ်မဟာ (၅)နယ်မြေတွင်
နေရာအနှံ့တပ်စွဲပြီး KNUတပ်များအား အကြပ်ကိုင်ရာမှ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNU မြ၀တီ
ဆက်ဆံရေးရုံးမှ ပဒိုပန်းသီးက ဆိုပါသည်။

BGFတပ်ဖွဲ့သည် ဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး (DKBA)တပ်ဖွဲ့မှ ၂၀၁၀ခုနှစ်တွင် အသွင်ပြောင်း
ခဲ့ပါသည်။

Copy from
http://www.phophtawnews.org/burmese/index.php/news/internal-news/item/619-knu-bgf.html#