• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, July 24, 2013

ဖိလိပိုင်က မွတ်စလင်ဆရာမတွေကို စာသင်ချိန်မှာ ခေါင်းမပေါင်းရအမိန့်ထုတ်

ဖိလိပိုင်နိုင်ငံ မနီလာမြို့တော်က မွတ်စလင်အမျိုးသမီးများ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြစဉ်
(Credit: AFP)

ဖိလိပိုင်က မွတ်စလင်ဆရာမတွေကို 

စာသင်ချိန်မှာ ခေါင်းမပေါင်းရအမိန့်ထုတ်

 နောက်ဆုံးရေးသားချိန် 24 July 2013,

ဖိလိပိုင်နိုင်ငံက ​ဆရာ ​ဆရာမနဲ့ ​ကျောင်းသားတွေကြား ​ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့အတွက် ​စာသင်
ကျောင်းက ​မွတ်စလင် ​ဆရာမတွေကို ​စာသင်ပြနေတဲ့အချိန်မှာ ​သူတို့ရဲ့ ​ခေါင်းပေါင်းတွေကို ​ချွတ်ထားရ
မယ်လို့ ​ဖိလိပိုင်အစိုးရက ​အမိန့်ထုတ်ပြန် ​လိုက်ပါတယ်။

အခုလို ​မွတ်စလင်ဆရာမတွေကို ​ခေါင်းပေါင်း ​ချွတ်ထားရမယ်ဆိုတဲ့ ​အမိန့်ထုတ်ပြန် ​လိုက်တာဟာ ​စာသင်
ကျောင်းတွေမှာ ​ဘာသာရေးနဲ့ ​ပတ်သက်တဲ့ ​အယူသည်း​မှုတွေကို ​ပြုပြင်ပြောင်းလဲမှု ​လုပ်တာဖြစ်တယ်လို့
ဖိလိပိုင်နိုင်ငံ ​ပညာရေးဆိုင်ရာ ​အတွင်းရေးမှူး ​Armin ​Luistro ​ကပြောပါတယ်။

ဒါပေမယ့် ​အခုထုတ်ပြန်လိုက်တဲ့ ​အမိန့်ထဲမှာ မွတ်စလင်ကျောင်းသူလေးတွေကတော့ ​ကျောင်းဝင်းတွေထဲ
မှာခေါင်းပေါင်းခွင့်ရှိသလို ကိုယ်ကာယ လေ့ကျင့်ခန်းပြုလုပ်တဲ့အတန်းမှာလည်း ​သင့်တော်တဲ့အ၀တ်အစား
တွေ ​၀တ်ဆင်နိုင်တယ်လို့ ​ပါရှိပါတယ်။

မွတ်စလင်ဆရာမတွေကိုလည်း ​စာသင်ခန်းထဲမှာ ​စာသင်ပြပေးနေချိန်အတွင်းသာ ​ခေါင်းပေါင်းကို ​ချွတ်
ထားရမှာ ​ဖြစ်ပြီးတော့ ​ကျန်တဲ့ ​အတန်းချိန်မဟုတ်တဲ့ ​အချိန်တွေမှာ ​ခေါင်းပေါင်း ​ပေါင်းခွင့်ရှိတယ်လို့လည်း
သိရပါတယ်။
အခုလို ​အမိန့်ထုတ်​ပြန်ရတာဟာလည်း ​ကျောင်းသူကျောင်းသားတွေအနေနဲ့ ​သူတို့ရဲ့ ​ဆရာမကို ​ပိုမို ​မှတ်
မိစေဖို့ ​အတွက်လည်း ​ဖြစ်တယ်လို့ဆိုပါတယ်။

အခုထုတ်ပြန်လိုက်တဲ့အမိန့်နဲ့ပတ်သက်ပြီးတော့ ​မွတ်စလင်လူမျိုးဆိုင်ရာ ​အစိုးရဌာနကလည်း ​သဘောတူ
လက်ခံပြီး ​မွတ်စလင် ​ဆရာမတွေဆီကနေ ​ဘာမှတုံ့ပြန်မှုတွေ ​မကြားသိရသေးဘူးလို့လည်း ​မွတ်စလင်လူ
မျိုးဆိုင်ရာ ​အစိုးရဌာနက ​တာဝန်ရှိသူတွေကဆိုပါတယ်။

Copy from ​http://www.radioaustralia.net.au/burmese/2013-07-24/1165664