• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, July 15, 2013

မြန်မာနိုင်ငံ၏ ကမ္ဘာ့ ပထမဆုံးလေယာဉ်အပိုင်စီးမှုကြီး

AIRLINER PHOTO DOUGLAS DC-3 UNION OF BURMA AIRWAYS XY-ACT 4X6 INCH B/W #2 Source photo from http://www.google.com/imges

မြန်မာနိုင်ငံ၏

ကမ္ဘာ့ ပထမဆုံးလေယာဉ်အပိုင်စီးမှုကြီး

July 15, 2013 Monday
By မင်းစိုးစံ

ကမ္ဘာပေါ်မှာ ပထမဆုံး လေယာဉ်အပိုင်စီးမှု ဆိုတဲ့ အကြောင်းကို ရုပ်ရှင်ရိုက်မယ်ဆိုတုန်းက သံသယစိတ်
နည်းနည်းဝင်မိတယ်။ ၀င်ဆိုဗျာ ကျုပ်သိတာက ဗိုလ်ငြိမ်း ဆိုတဲ့သူကိုပဲသိတာကိုး။ ကျန်တဲ့ ဗိုလ်ကျော်အေး နဲ့ ဗိုလ်ကျော်သိန်း တို့ကိုမသိတော့ ဒီဇာတ်ကားကတော့ဖြင့် လံကြုပ်ဇာတ်လမ်းကြီးပဲဖြစ်မှာပါ ဆိုပြီးအမှုမဲ့
အမှတ် မဲ့နေလာလိုက်တာ၊ မိတ်ဆွေတစ်ယောက်က ပြောလာတော့မှ နည်းနည်းစိတ်ဝင်စားလာတယ်။

ကမ္ဘာပေါ်မှာ ပထမဆုံး လေယာဉ်အပိုင်စီးခဲ့တဲ့ အကြောင်းကို ဇာတ်လမ်းဆင်ပြီး ရုပ်ရှင်ရိုက်မယ့်ပုဂ္ဂိုလ်ဟာ
ကရင်အမျိုးသားဖြစ်နေလေတော့ ပိုပြီးစိတ်ဝင်စားမိပါတယ်။ အဏ်ထော်ဏီဆိုတဲ့ အမည်သညာကို ကျုပ်
ခပ်ငယ်ငယ်လေးထဲက ရင်းနှီးခဲ့ပါတယ်။ ဒါရိုက်တာ အနေနဲ့မဟုတ်ပဲ ဓါတ်ပုံ အဏ်ထော်ဏီ ဆိုတဲ့အမည်
နာမ,နဲ့ပါ။ ကရင်အမျိုးသားမှန်းလည်း မသိခဲ့ပါဘူး။

ဒါတွေကို အသာထားလိုက်ပြီး ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အငြိမ်းလို့ လူသိများတဲ့ ဗိုလ်ငြိမ်းနဲ့ ကျုပ်တွေ့ဆုံ
ခင်မင်ခဲ့ရပုံလေးကို ပြောပြချင်ပါတယ်။ ကျုပ်တွေ့ရတဲ့ ဗိုလ်ငြိမ်းဟာ အရပ်ပုပြတ်ပြတ်နဲ့ သွက်လက်ဖြတ်
လတ်သူ တစ်ဦးဖြစ်ပါတယ်။
သူနေတဲ့နေရာကတော့ ကွီးခလယ့် ကနေ ပိုင်ခလန်ဘက်ကိုသွားတဲ့ လမ်းပေါ်က ထီးဆာလာ ဆိုတဲ့ ရွာ
ငယ်လေးနားမှာ နေထိုင်ပါတယ်။ သူနဲ့ ကျုပ်ဟာ မကြာခဏ တွေ့ကြပြီး ကော်ဖီအတူသောက်ဖြစ်ပေမယ့်
သူဟာ ဘယ်လိုလူဆိုတာ တစ်ခွန်းတပါဒမျှ မပြောခဲ့ပါဘူး။
အခြားတယောက်က သူဟာ လေယာဉ်အပိုင်စီးတဲ့ အဖွဲ့ထဲက အဖွဲ့ဝင်တယောက်လို့ မိတ်ဆက်ပေးမှ သူ့အ
ကြောင်းကို သိရတာပါ။ အဲဒီလိုသိပြီး နောက်ပိုင်းမှာ အဆက်အသွယ်ပြတ်သွားလိုက်တာ ဒီနေ့အထိပါပဲ။
အခုမှပဲ အငြိမ်းမရှိတော့ဘူးဆိုတာ သိလိုက်ရလို့ အတော်ကိုယူကြုံးမရ ဖြစ်မိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကရင့်အကြောင်းကို ကရင်က ဖေါ်ပြမှာဖြစ်ပေမယ့် ဟိုဘက်သည်ဘက် မထိခိုက်အောင်
လုပ်ဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်ကူးယဉ်ဇာတ်လမ်းတပုဒ် မဟုတ်လို့ဖြစ်ပါတယ်။
သာမာန် ဇာတ်လမ်းတပုဒ်ကို ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်အနေနဲ့ စာရေးဆရာတစ်ယောက်အနေနဲ့
ကိုယ်ကြိုက်တဲ့ အနေအထားမျိုးကနေ စိတ်ကြိုက်ရိုက်ကူးပုံဖေါ်နိုင်ပေမယ့် သမိုင်းတွင်ခဲ့တဲ့ ဒီအကြောင်းအ
ရာကို Titanic သင်္ဘောပျက် ဇာတ်ကားလို ရိုက်ကူးဘို့စီစဉ်မယ်ဆိုလျင် ဒီဇာတ်ကားရဲ့အနှစ်သာရဟာ အ
ပျော်တမ်း ဘတ်တဲ့ ပေါ်ပင်စိတ်ကူးယဉ်ကာတွန်းရုပ်ပြဇာတ်လမ်း အဆင့်ထက်မပိုနိုင်ပါဘူး။

နောက်တခု ထည့်စဉ်းစားရမှာက ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ရဲ့ ငွေနဲ့ရင်းပြီးရိုက်မယ့်ရုပ်ရှင်ဖြစ်တဲ့အတွက်
လိုဘယ်နည်းနဲ့မျှ အနှောင်အဖွဲ့ကင်းမှာမဟုတ်ပါဘူး။ ကိုယ်ပိုင်ငွေနဲ့ရိုက်တဲ့ ရိုးရိုးအချစ်ဇာတ်လမ်းလေးတွေ
တောင် သူတို့အတွက် ၀ါဒဖြန့်ချီပေးရသေးတာပဲလေ။ ဒီဇာတ်ကားထွက်လာပြီး ၀င်ငွေကောင်းတဲ့ဇာတ်
ကားတကားဖြစ်လာခဲ့လျင်တောင်မှ ဖြစ်ရပ်တွေအားလုံး မမှန်နိုင်ပါဘူး။ ဒါ့အပြင် ကရင့်သမိုင်းဟာလည်း
မြောင်းထဲရောက်သွားပါလိမ့်မယ်။

တခုပဲရှိပါတယ်၊ ရုပ်ရှင်ဒါရိုက်တာ အဏ်ထော်ဏီ အနေနဲ့ သမိုင်းအမှန်အတိုင်းရိုက်ရဲခဲ့မယ် ဗမာစစ်အစိုးရ
ကလည်း(မပြောကောင်းမဆိုကောင်းပေါ့လေ) လွတ်လွတ်လပ်လပ်ရိုက်ကူးခွင့်ပြုမယ်ဆိုလျင်ဖြင့် သတင်းနဲ့
မီဒီယာလောကအတွက် တစိပ်တပိုင်း လွတ်လပ်နေပြီဆိုတာကို သက်သေပြရာရောက်သွားမှာတော့ အမှန်
ပါ။
ကရင်အမျိုးသား ရုပ်ရှင်ဒါရိုက်တာကြီး အဏ်ထော်ဏီ ကို  အသိပေးလိုက်ချင်တာကတော့ ကိုယ့်သမိုင်းကို
ကိုယ်ရေးတာ ဆိုပေမယ့် ဒီသမိုင်းဟာ ကိုယ့်သမိုင်းမဟုတ်ဘူးနော် ကရင်တမျိုးသားလုံးရဲ့ သမိုင်းဖြစ်တယ်
ဆိုတာကို မမေ့လိုက်ပါနဲ့။

လေယာဉ်ပျံကြီးကို ပြန်ပေးဆွဲတာ မဟုတ်ဘူး။
လေယာဉ်ပျံကို လိုချင်လို့ အပိုင်စီးတာ။
အပိုင်စီးတာနဲ့ ပြန်ပေးဆွဲတာနဲ့ အဓိပ္ပါယ်ချင်းက တစ်မျိုးစီဖြစ်တယ်။ ကျွန်တော် ဖြစ်စေချင်တာက လေယာဉ် အပိုင်စီးသည်ပဲ ဖြစ်စေချင်တယ်။


အဲဒီစကားလုံးတွေကတော့ ကမ္ဘာပေါ်မှာ ပထမဦးဆုံး လေယာဉ်အပိုင်စီးခဲ့တဲ့ ကရင် အမျိုးသား စောကျော်
အေး ပြောသွားတဲ့ စကားတွေပါ။


ဇာတ်ကား ရိုက်ကူးမည့် ဒါရိုက်တာ အဏ်ထော်ဏီ

ဒီဇာတ်ကားနဲ့ ပတ်သက်လို့ လူတချို့ရဲ့ သဘောထားအမြင်တွေကတော့
 
တင်ပြချင်တဲ့အကြောင်းအရာက မြန်မာနိုင်ငံနဲ့ ကရင်လူမျိုးကို အထင်အမြင်မလွဲစေဖို့နဲ့ စ လယ် ဆုံး သုံးပါး
လုံး ပြချင်တဲ့ရည်ရွယ်ချက်ကို ထိမိဖို့လိုပါတယ်။
စက်ပစ္စည်းကိရိယာကို လွှဲချ။
ဆင်ဆာကို လွှဲချနဲ့ နိုင်ငံတကာကို မှီဖို့မပြောနဲ့ အရင်ခေတ်က အဖြူအမဲရုပ်ရှင်တွေကိုမှီဖို့ အရင်ကြိုးစား
ကြပါဦး။

ဒီဇာတ်ကား ကြည့်ကြသေးတာပေါ့။
ကရင်တွေကို နာမည်ဖျက်မှာသေချာတယ်။
အကြောင်းရင်းသေချာကိုတော့ ရိုက်ရဲမှာ မဟုတ်ဘူး။
ဘာလို့ ပြန်ပေးဆွဲရတာလဲ?
အဲဒီလေယာဉ်ကို ဘယ်သူတွေပိုင်ခဲ့လဲ?
ကရင်တွေရဲ့ ရပိုင်ခွင့် အခွင့်အရေးကို ဘယ်သူတွေ လုယူဖျက်ဆီးခဲ့လဲ?
ဒါတွေကိုရောသိကြရဲ့လား?
တခုပြောလိုက်မယ် လေယာဉ်ကို ပြန်ပေးဆွဲတာမှားခဲ့ရင်တောင် ဆုံးရှုံးသွားတဲ့ တန်ဖိုးက ပြန်ပေးလျှော်လို့
ရတယ်။
ဖျက်စီးခံခဲ့ရတဲ့ ကရင်တွေရဲ့ဘဝတွေ။
ပြိုကွဲသွားတဲ့ ကရင်မိသားစုတွေ။
အပြစ်မရှိပဲ စတေးခဲ့ရတဲ့ အသက်တွေ။
ဒါတွေကို ဘာနဲ့များပြန်လျှော်ပေးနိုင်မှာလဲ?
ဇာတ်ကားရိုက်ချင်သပဆို ကရင်ဗမာ အဓိကရုဏ်းအကြောင်း ဇာတ်ကားရိုက်လိုက် ကမ္ဘာကျော် ဂရမ်မီ ဆုတောင်ရဦးမယ်။

ဒါဟာ မဖြစ်နိုင်တာကို အသက်သွင်းတာပဲဖြစ်လိမ့်မယ်။
ဖြစ်ခဲ့ပါတယ်ဆိုတာတောင် ကရင်လူမျိုးရဲ့ဂုဏ်သိက္ခာ၊ တိုင်းရင်းသားလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကိုငဲ့ပြီး စီစစ်
ရေးက ခွင့်မပြုသင့်ဘူး။
ချစ်ခင်ပါတယ်ဆိုတဲ့စကားဟာ မပီသဘူးဖြစ်နေတယ်။
လက်ခံတဲ့ ပတ်သက်တဲ့သူတွေကလဲ ကျန်တဲ့ကရင်မောင်နှမတွေရဲ့ ခံစားခဲ့ရတဲ့ အသဲနှလုံးတွေကိုစာနာ
သင့်ပါတယ်။
အကြောင်းရှိမှ အကျိုးရှိခဲ့တယ်လို့ မြင်တာပဲဗျာ။

အပြည့်အစုံကို လေ့လာချင်တယ်ဆိုလျင်ဖြင့် အောက်က လိပ်စာအတိုင်း သွားရောက်လေ့လာ ဘတ်ရှုနိုင်
ကြောင်းပါ ခင်ဗျား။

https://www.facebook.com/media/set/?set=a.594679277239381.1073742411.459386844101959&type=1&comment_id=100355101&offset=0&total_comments=25

ကျန်းမာချမ်းသာကြပါစေ။ မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)