• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, June 26, 2013

ဗမာစစ်အစိုးရ(မြန်မာအစိုးရ) တိုင်းရင်းသားတွေရဲ့နားရွက်ကို တံတွေးဆွပ်ပြီ

ဗမာစစ်အစိုးရ(မြန်မာအစိုးရ)

တိုင်းရင်းသားတွေရဲ့နားရွက်ကို တံတွေးဆွပ်ပြီ

June 26, 2013 Wednesday
 By မင်းစိုးစံ

ကျုပ်တို့ငယ်ငယ်တုန်းက တယောက်ရဲ့နားရွက်ကို အခြားတယောက်က တံတွေးဆွပ်ပြီး သတ္တိပြခဲ့ကြတာ
လေး မှတ်မိကြမှာပေါ့နော်။
အခု ဗမာစစ်အစိုးရ(မြန်မာအစိုးရ)အနေနဲ့ တိုင်းရင်းသားတွေအပေါ် ထင်သာမြင်သာရှိတဲ့ အပစ်အခတ်ရပ်
စဲရေးဆိုတာကို လုပ်မပြနိုင်တာပဲရှိမယ် မိုက်ကြေးခွဲပုံတွေကတော့ တကယ့်လူမိုက်တွေပုံစံနဲ့ အဆက်မ
ပြတ်အောင်ပါပဲ။

ကရင်ပြည်နယ်ဘက်ကို ကြည့်လိုက်ကြပါစို့။ ဗမာစစ်အစိုးရ ကရင်တွေရဲ့နားရွက်ကို တံတွေးဆွပ်ပုံတွေ
ကရင်တွေ သိမ်းဆည်းထားတဲ့မြေနေရာမှာ ကရင်အလံ မထောင်နဲ့။
မြို့ထဲမှာ သေနတ်ကိုင်တာ မတွေ့ချင်ဘူး။ အာရုဏ်နောက်တယ်။
မြိုင်ကြီးငူဒေသ ကနေ ချက်ခြင်းထွက်သွား။
မင်းတို့က ဘာတွေလိုချင်လို့ ငါတို့က ဘာကိုပေးရမှာလဲ။
ငြိမ်းချမ်းရေးလုပ်နေတဲ့ ကာလမှာ မြေယာကိစ္စ ၀င်မရှုတ်နဲ့။

ကချင်ပြည်နယ်ကျတော့ ရွှေလက်နဲ့ ခေါ်လို့မရလျင် ကျည်ဆံတွေပေးလိုက်။
ရှမ်းပြည်နယ်ဘက်ကျပြန်တော့ အခုဆုတ်ပေး၊ မဆုတ်လျင် အဆိုးမဆိုနဲ့။
စခန်းတွေ တခုပြီးတခုပေးလိုက်ရတာ အားလုံးကြားကြမှာပါ။

အခုလည်း ဒီကေဘီအေ က ဦးဆောင်ကျင်းပတဲ့ တိုင်းရင်းသား သဘောထားအမြင်နှီးနှောဖလှယ်ပွဲကို
လာကြတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားတွေကိုပြန်ပို့ပေးတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီရဲ့ တာဝန်ရှိ
သူတွေကိုသာမ က အသုံးပြုတဲ့ကားကိုပါဘမ်းပြီး မိုက်ကြေးခွဲလိုက်ပြန်ပါပြီ။

ဘာဆက်လုပ်ကြမလဲ။
ဘယ်ဘက်ပါး အရိုက်ခံရလို့ ညာဘက်ပါးကို ထိုးပေးပြီး ထပ်အရိုက်ခံမလား။
ဒါမှမဟုတ် ကိုယ့်မျက်လုံး တစ်လုံး အဖေါက်ခံရလျင် သူ့မျက်လုံး တစ်လုံးကို ပြန်ဖေါက်မလား။

ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုစိုးမိုးထွန်း ကိုပဏ္ဍိတ်ထွန်း ကိုညီညီထွန်း တို့တတွေ ကရင်
ပြည်နယ်ဘက်က အပြန်မှာ သူတို့ကိုလိုက်ပြီးပို့ဆောင်ပေးခဲ့တဲ့ ကေအင်န်ယူကေအင်န်အယ်လ်အေ ငြိမ်း
ချမ်းရေးကောင်စီက ဗိုလ်ကြီးဇေယျာခိုင်အပါအ၀င် ရဲဘော် ၃ဦးနဲ့ ကား ၃စီးကို ကရင်ပြည်နယ်အစိုးရ နယ်
စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်အမိန့်နဲ့ ဇွန်လ ၂၀ရက်နေ့က ဘမ်းဆီးထားတယ်ဆိုပြီးသိရပါ
တယ်။
အာရ် အက်ဖ်အေ သတင်းထောက် ဦးအောင်မြတ်စိုးက အကြောင်းစုံကို တင်ပြထားပါတယ်။