• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, June 25, 2013

မရောင်းချင်ပါဘူးဆိုမှ ချိန်လိုက်ချိန်လိုက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များအား ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေး ကာလက တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)
Source photo from http://www.news-eleven.com/politics/20386

မရောင်းချင်ပါဘူးဆိုမှ ချိန်လိုက်ချိန်လိုက်

June 24, 2013 Monday
 By မင်းစိုးစံ

လက်ရှိ ပြည်ထောင်စုဝန်ကြီးတွေထဲမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း၊ သမဝါယမဝန်ကြီး ဦး
ကျော်ဆန်းတို့ ခဏတဖြုတ်ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင် အဖြစ်ကနေ ရပ်ဆိုင်းခံရတဲ့အထဲ
ပါသွားပြီ ဆိုတဲ့သတင်းကြောင့် ကရင်တွေကြားမှာ နည်းနည်းလေးခေါင်းထောင်လာပါတယ်။

များများစားစားတော့မဟုတ်ပါဘူး၊ တယ်လီဖုံးလေးနဲ့ ကျုပ်ကိုဆက်မေးကြတာပါ။ ဘယ်လိုလဲ ဦးအောင်
မင်း ပါသွားတယ်ဆိုတာ တကယ်လား ဆိုတာတွေ၊ ဘယ်သူတွေပါသေးလဲဆိုတာတွေ မေးကြတာပါ။ ဘာ
ကြောင့်မေးကြတယ်ဆိုတာကိုတော့ ကျုပ်လည်း အတိအကျမသိပါဘူး။ ခဲမှန်ဘူးတဲ့ စာသူငယ်လို ဖြစ်နေ
တယ်ဆိုတာကို မပြောပဲနားလည်လိုက်ပါတယ်။

ဗိုလ်ခင်ညွန့်တုန်းကလည်း အခုလိုပဲ ကရင်နဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးဘို့ လုပ်နေတုန်း ခဏဆိုပြီး
၂၀၀၅ခုနှစ် တုန်းက ထောင်ဒဏ် ၄၄နှစ် စီရင်ချက်ချခံခဲ့ရလို့ အားလုံး ငေါင်းစဉ်းစဉ်းကြီးကျန်ခဲ့တဲ့ အဖြစ်
မျိုးကြုံလေမလား ဆိုတဲ့ အတွေးမျိုးနဲ့ သတင်းမေးကြတာနေမှာပါ။

မေးချင်ရှာပေမပေါ့လေ။ ဗမာစစ်အစိုးရနဲ့ KNU အဖွဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ၂၀၁၂ခုနှစ် ဇန်န၀ါရီ ၁၂ရက်
က စပြီး ဆွေးနွေးပွဲပေါင်း (၂၂) ကြိမ်တောင် လုပ်ခဲ့တာ။ ပြည်ပမှာက (၁၀)ကြိမ် ပြည်တွင်းမှာ (၁၂) ကြိမ်။
အလွတ် သဘောလား၊ ဆွေးနွေးပွဲအတွက် အကြိုဆွေးနွေးပွဲလား။ အကြိုဆွေးနွေးနိုင်ဘို့ ဆွေးနွေးပွဲအကြို
လား။ ၁၈လ မှာ၂၂ကြိမ်ဆိုတော့ ပျမ်းမျှခြင်းတစ်လကို ၁ကြိမ်လောက်တွေ့ဖြစ်ခဲ့တာပေါ့။
အဲဒီတော့ အကြောင်းအချက် အတော်များများကို ဆွေးနွေးပြောဆိုခဲ့ကြပြီးဖြစ်ပေမယ့် ဘာတခုမျှ မယ်မယ်
ရရ အကောင်အထည်ဖေါ်ဘို့ မမြင်ရသေးလေတော့ ဥက္ကဌကြီး စောဘိုမြ လက်ထက်ကလို ဆန့်တငံ့ငံ့ဖြစ်
သွားလျင် မခက်ပါလား ဆိုတဲ့ စိုးရိမ်စိတ်ကလေးတွေ ဖြစ်ကောင်းဖြစ်နေမှာပေါ့။

ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အမေရိကန်ခရီးစဉ်မှာ သတင်းမီဒီ
ယာ တွေနဲ့တွေ့ခဲ့တုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ ကြံ့ခိုင်ရေးပါတီ ညွန့်ပေါင်းအစိုးရဖွဲ့မယ်
လို့ ပြောလိုက်မိလို့များ အခုလို အနားခံလိုက်ရတာလားပေါ့လေ။
သိကြတဲ့အတိုင်းပါပဲ အခုသမ္မတလုပ်နေတဲ့ ဦးသိန်းစိန် နဲ့ စာရင်(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်) သူရ
ဦးရွှေမန်းက ရာထူးပိုကြီးတယ်၊ ဦးသိန်းစိန်က သမ္မတတက် ဖြစ်ပြီးသူကျတော့ လာမယ့် ၂၀၁၅မှာ သမ္မတ
တက်လုပ်ဘို့ အရွေးခံမယ်လုပ်မှ အခုလက်ရှိနိုင်ငံရေးအခင်းအကျင်းအရ ပြည်ခိုင်ဖြိုးပါတီ က တတိုင်းပြည်
လုံးမှာ အနိုင်ရဘို့မလွယ်ဘူးလေ။ ဒီတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ညွန့်ပေါင်းအစိုးရ ဖွဲ့မယ်ဆိုပြီး
ပြောဖြစ်ခဲ့တာဖြစ်နိုင်တာပေါ့ဗျာ။

 အမြင်ရှိသူ

ကာတွန်း -အောင်မော် ဇွန် ၂၄၊ ၂၀၁၃

Source cartoon from http://moemaka.com/archives/35835

နောက်ပြီး၂၀၀၈ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတဖြစ်ခွင့်မရှိဘူး၊ ဖွဲ့စည်းပုံကိုပြင်မယ်ဆို
ပါစို့ စစ်တပ်က ၂၅ရာခိုင်နှုန်းနေရာရှိပြီးသား ထောက်ခံမဲ ၇၅ရာခိုင်နှုန်းကျော်မှ ပြင်လို့ရမယ်ဆိုတော့ တက်
လာတဲ့ ကိုယ်စားလှည်တော်တွေကိုကြည့်လိုက်တော့ ၇၅ ရာခိုင်နှုန်းရှိတဲ့ ကိုယ်စားလှယ်တွေဟာ လျှို့ဝှက်
ဆန္ဒမဲပေးကြရတိုင်း အမြဲတမ်းလိုလို ကြားနေတဲ့ဦးရေ ၁၂ ဦးကနေ ၂၀အထိရှိပြီး စက်ခလုတ်နှစ်ခါနှိပ်မိလို့
ပယ်မဲဖြစ်တဲ့ဦးရေ နဲ့ နေ့တိုင်းခွင့်ယူနေကြတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှည် ၃၀ကနေ ၄၀အ
ထက်ရှိနေတော့ ဘယ်လို လုပ်ပြီး ၇၅ရာခိုင်နှုန်းပြည့်နိုင်မှာတဲ့လဲ။
လွှတ်တော်မှာ စုစုပေါင်းကိုယ်စားလှည်ဘယ်လောက်ရှိသလဲ ဆိုတာကို ဇယားချ ကြည့်ကြပါစို့။

၀၁ ပြည်ခိုင်ဖြိုး ၃၄၄။
၀၂ အင်န်အယ်လ်ဒီ ၄၂။
၀၃ ကျားဖြူ ၂၁။
၀၅ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၁၇။
၀၆ ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ၁၅။
၀၇ အင်န်ဒီအက်ဖ် ပါတီ ၀၈။
၀၈ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ၇။
၀၉ ချင်းတိုးတက်ရေးပါတီ ၇။
၁၀ ဖလုံ-စဝေါ်ပါတီ ၅။
၁၁ ချင်းအမျိုးသားပါတီ ၄။
၁၂ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ၄။
၁၃ ၀ ဒီမိုကရက်တစ်ပါတီ ၃။
၁၄ အမျိုးသားဒီမိုကရေစီသစ်ပါတီ ၃။
၁၅ တအောင်း(ပလောင်)အမျိုးသားပါတီ ၂။
၁၆ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ(ကချင်)ပါတီ ၂။
၁၇ ကရင်ပြည်သူ့ပါတီ ၂။
၁၈ ကရင် ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးရေးပါတီ ၂။
၁၉ အင်းအမျိုးသား ဖွံ့ဖြိုးရေးပါတီ ၂။
၂၀ တသီးပုဂ္ဂလအမတ်(ဦးစခုန်တိန့်ယိန်း) ၁။
၂၁ တသီးပုဂ္ဂလအမတ်(ဦးအောင်သိန်း) (ရွာငံ) ၁။
၂၂ တပ်မတော် ၁၇၅။

တပ်မတော်သားတွေကို အပထားပြီး ကျန်တဲ့ကိုယ်စားလှည်တွေကို ပေါင်းလိုက်လျင် ၄၉၂ဦးရှိတဲ့အထဲက
ကြားနေတဲ့လူက ၁၂ဦးကနေ ၂၀အထိဆိုတော့ ပျမ်းမျှခြင်း ၁၆ဦး၊ နောက်တခါ စက်ခလုတ်မှားနှိပ်တဲ့လူနဲ့
အမြဲတမ်းခွင့်ယူတဲ့လူက ၃၀ကနေ ၄၀အထက်ဆိုတော့ ပျမ်းမျှခြင်း ၃၅ဦး။
ဒီတော့ အစည်းဝေးနဲ့ပတ်သက်သမျှ ၄၉၂ဦးထဲက ၅၁ဦးနှုတ်လိုက်လျင် ၄၄၁ဦးပဲကျန်နေတော့ အတည်ပြု
ချမှတ်နိုင်ဘို့အတွက် ၇၅ရာခိုင်နှုန်းကျော်ဘို့နေနေသာသာ ၇၅ရာခိုင်နှုန်းတောင်မရှိဘူး။ တပ်မတော်ထဲက
ကိုယ်စားလှည် စစ်သားကြီးတွေလည်း အမျှော်အမြင်ရှိပါတယ် လို့ပြောပြောနေတာကဖြင့် ကန်တော့ပါရဲ့ ဆင့်တန်ဆာ ခွေးမျှော်နေတာထက် ပိုဆိုးပါတယ်။

ဗမာစစ်အစိုးရ(မြန်မာအစိုးရ)က သူတို့ချထားတဲ့ဗျူဟာတွေအတိုင်း လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ
ကို မဖြစ်သလောက်လေး အခွင့်အရေးလေးတွေနဲ့မျှော်လင့်ချက်တွေပေးမလိုလို အချိန်ဆွဲနေတာ အားလုံး
အသိပါ။
မှတ်မိမလားတောာ့မသိဘူး၊ လက်ပံတောင်းတောင်ကိစ္စမှာ ဗမာစစ်အစိုးရ ၀န်ကြီးဦးအောင်မင်းတို့ သံဃာ
တွေ ကို ကတိပေးသလိုလို ဘာလိုလိုပြောပြီး မီးလောင်ဗုံးနဲ့ ဖြေရှင်းလိုက်တာ၊ ဘာတွေပြောခဲ့တယ်ဆိုခဲ့
တယ်ဆိုတာတွေကို ပြန်ပြောချင်လို့မဟုတ်ပါဘူး။
အပြောလေးနဲ့ အချိုသပ်ပြီး ရက်ရက်စက်လုပ်ပြလိုက်တာကို သတိထားမိစေချင်လို့ပါ။

ကျုပ်တို့ကိုလည်း လုပ်ပေးမယ်။ အကောင်းဆုံးလုပ်ပေးမယ်။ နှစ်ဦးနှစ်ဘက် ကောင်းအောင်လုပ်ပေးမယ်။
ဆိုတဲ့ ဥက္ကဌကြီး စောဘိုမြကို ထောက်လှန်းရေးမှူးဗိုလ်ခင်ညွန့်ပြောခဲ့သလိုမျိုး အခုလည်း ဒီစကားမျိုးလေး
တွေနဲ့ အချို သပ်နေတာပါ။
ပြီးတော့ သူတို့အတွက် အပေါ်စီးကဖြစ်အောင် လုပ်စရာရှိတာတွေကို လုပ်နေတာပဲ မဟုတ်ပါလား။ အပေါ်
စီး ရနေတာမို့လို့ ကရင့်လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေထဲက အဖွဲ့တဖွဲ့ကို ခင်ဗျားတို့က ဘာတွေ
တောင်းမှာလဲ၊ ကျုပ်တို့က ဘာကိုပေးရမလဲ၊ ဆိုတာ မေးလိုက်တာပေါ့။
လေသံက ရှုပ်လျင်ပိုကောင်းတယ် ရွှေလက်နဲ့ ခေါ်လို့မရလျင် ကျည်ဆံသာပေးလိုက် ဆိုတဲ့ လွှတ်တော်
ကိုယ်စားလှည် ဦးလှဆွေလို တမျိုးတစားတည်းဆိုတာ သိသင့်ပါတယ်။

ဦးလှဆွေပြောတာကတော့ သူ့တစ်ယောက်တည်းရဲ့ သဘောထားပါတဲ့၊ ကျုပ်တို့ကိုမေးတာကျတော့ ဗမာ
စစ်အစိုးရတအုံတမကြီးရဲ့ သဘောထားလား ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့လို့ နာမည်တပ်ထားသူတွေရဲ့
သဘောထားလားဆိုတာ တိတိကျကျ ခိုင်ခိုင်လုံလုံ မသိရပေမယ့် ကျုပ်တို့ ဗမာစစ်အစိုးရ(မြန်မာအစိုးရ)နဲ့
လုပ်နေတဲ့ ငြိမ်းချမ်းရေးပဲပြောပြော အပစ်အခတ်ရပ်စဲရေးပဲ ဖြစ်ဖြစ် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပဲ
ဆိုဆို အားလုံးကိုခြုံငုံကြည့်လိုက်တော့ ဗမာစစ်အစိုးရ(မြန်မာအစိုးရ)ရဲ့ ကျုပ်တို့အပေါ်ထားနေတဲ့ သဘော
ထားက မရောင်းချင်ပါဘူးဆိုမှ ချိန်လိုက်ချိန်လိုက် လုပ်နေတဲ့ကရင်တွေ ဆိုတဲ့ပုံစံမျိုးနဲ့ ဆက်ဆံနေတယ်လို့
သာ မြင်ကြောင်းပါ ခင်ဗျား။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)