• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, May 13, 2013

ငြိမ်းချမ်းရေးပြဿနာနှင့် ကရင့်လက်နက်ကိုင်များအရေး


May 13, 2013
Tuesday

ငြိမ်းချမ်းရေးပြဿနာနှင့် 

ကရင့်လက်နက်ကိုင်များအရေး

By မင်းစိုးစံ

ခေါင်းစည်းကတော့ တော်တော်ကို ထည်ဝါတယ်။ ကြီးမားတယ်။ လေးလံတယ်။ ရေးတဲ့လူ ကျုပ်ကျတော့
ပါမွှား ဒီတော့ ကျုပ်ပေးတဲ့ခေါင်းစည်းနဲ့ ကျုပ်ရဲ့အရေးအသားက မတန်တဆဖြစ်နေမှာတော့ အသေအခြာ
ပဲ။
တချို့စာလုံးတွေ တချို့အရေးအသားတွေမှာ အင်မတန်အခံရခက်တဲ့ အသုံးအနှုံးတွေ ပါမယ်ထင်တယ်။
သည်းခံပေါ့ဗျာ။ သည်းမခံနိုင်လျင်လည်း သဘောရှိ ဆဲရေးတိုင်းထွာပေတော့။

လူ့လောကကြီးမှာ လူဖြစ်လာကြတဲ့လူတိုင်း ကြီးကြီးမားမားချမ်းသာချင်တယ်၊ သူ့ထက်ကဲပညာတတ်ချင်
တယ်၊ တပါးသောသူတွေထက် ကျန်းမာချင်ကြတယ်၊ ရာထူးဂုဏ်သိမ် တန်ခိုးအာဏာထိန်ပြောင်ချင်ကြ
တယ်။အဲဒါသ ဘာဝပဲ။ ဒီတော့ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်လေးလိုအပ်လာတယ်ပေါ့ဗျာ။
မငြိမ်းချမ်းလျင် အဲဒါတွေက ဘယ်လိုမျှ ဘယ်နည်းနဲ့မျှ လုပ်လို့မရဘူးမဟုတ်လား။

ဒီတော့ အာဏာရှင်တွေနဲ့ တိုင်းသူပြည်သား တနည်းအားဖြင့် အုပ်ချုပ်သူလူတန်းစားနဲ့ အအုပ်ချုပ်ခံလူ
တန်းစား နှစ်ရပ်ရှိတဲ့နေရာမှာ ငြိမ်းချမ်းရေးလိုချင်ပုံခြင်း မတူကြဘူး။ ယုံပါ့မလားမသိဘူး။ အဲဒီလိုမတူတဲ့
အတွက်ကြောင့် ဒီနေ့ ဗမာစစ်အစိုးရ(မြန်မာအစိုးရ) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နောင်
ဂျိမ်ချနေကြတာပေါ့

 

အုပ်ချုပ်သူအာဏာရှင်တွေက တိုင်းသူပြည်သားတွေ ကြွယ်ဝချမ်းသာလာမှာကို မလိုလားဘူး။ ပညာတတ်
မှာကို မလိုလားဘူး။ ကျန်းမာမှာကို မလိုလားဘူး။ ဒါကြောင့်နည်းမျိုးစုံသုံးပြီး တိုင်းသူပြည်သားကိုနှိပ်စက်
နေတာ။ ယုံပါ့မလားမသိဘူး။ စာရေးစာချီ ခေါင်းရွက်ဗျတ်ထိုး နေ့ပြန်အတိုးပေးပြီး ဈေးရောင်းစားနေကြရသူတွေကို မေးတာပါ။
ဗမာစစ်အစိုးရ(မြန်မာအစိုးရ)နဲ့ပေါင်းပြီး ဘူဇွာကြီးဖြစ်နေတဲ့သူတွေကို မေးတာမဟုတ်ပါဘူး။
ဥပမာဗျာ။ ဒီရပ်ကွက်ပြောင်းပေးပါ။ မပြောင်းဘူးဗျာ။ မကြာဘူး မီးလောင်ပြီ။ မှတ်ကရော။ ဒီနေရာကနေ
ဖယ်ပေးပါ။ မဖယ်ဘူး။ မီးလောင်ပြီ။ ကဲ လက်သည်ပေါ်သလား။ ဝေးသေး။

အုပ်ချုပ်ခံလူတန်းစားကျတော့ ငါတို့ဈေးဘန်းလေး အသိမ်းမခံရပါစေနဲ့။ ဒီနေ့အတွက် ငါတို့မိသားစုထမင်း
ဝိုင်းလေး ကန်ဇွန်းရွက်အချဉ်ဟင်းတစ်ခွက်စာလောက် စားရလျင်သိပ်ကောင်းမှာပဲ။ ငါ့သားလေးရဲ့ရောဂါ
ကွမ်းယာ ဆိုင်က ဆေးတစ်ထုပ်တည်းနဲ့ သက်သာပါစေ။ အဲဒါက ကျုပ်တို့လိုချင်တဲ့ ငြိမ်းချမ်းရေး။
အဲဒီလိုငြိမ်းချမ်းမှုမျိုးကို တောင်မရနိုင်တော့တဲ့နောက် ဘာဖြစ်ကုန်မလဲဆိုတာ တွေးကြည့်လို့ရမှာပါ။

ဒီကနေ့ လက်နက်ကိုင်တော်လှန်နေတဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးလုပ်သလိုလိုဘာလိုလိုနဲ့ ဗမာစစ်
အစိုးရ(မြန်မာအစိုးရ)က လူမျိုးတုံးသတ်ဖြတ်နေတာ ဘာသဘောလဲ။ ဟိုတွေးသည်ထင်လုပ်မနေနဲ့။
ပြည်ထောင် စု မြန်မာနိုင်ငံတော်(ပြည်ထောင်စု ဗမာနိုင်ငံတော်) ကနေ မြန်မာနိုင်ငံတော်(ဗမာနိုင်ငံတော်)
ဖြစ်အောင်လုပ်နေတာ။

အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ စကားလုံးကို သဘောကျမနေနဲ့။ အဲဒါ တိုင်းရင်းသားတွေမပါဘူး။ ယုံရဲ့
လား။ ဗမာအချင်းချင်း တိုက်နေလျင် စစ်မျက်နှာဖွင့်ထားရတာ များတယ်။ ဗမာအချင်းချင်း ပေါင်းစည်းလို့
ရလျင် တိုင်းရင်းသားတွေကို နှိပ်ကွပ်ရတာ ပိုပြီးအရသာရှိတယ်။ ယုံရဲ့လားမသိဘူး။
ဗမာအချင်းချင်းပြန်ဆော်နေရတဲ့ ကုန်ကျစားရိတ်တွေ အပိုထွက်လာတော့ တိုင်းရင်းသားတွေကို နှိပ်ကွပ်
ဘို့ အင်အားတိုးလာတာပေါ့။ နိုင်ငံရေးအရလည်း အမြတ်ထွက်တာပေါ့။
လက်မှာသွေးနံ့မပျောက်သေးတဲ့ စစ်ခေါင်းဆောင်တောင် အပြင်ထွက်လည်လို့ရနေပြီ။ နိုင်ငံတကာက စီးပွါး
ရေးပိတ်ဆို့ထားတာတွေ ပွင့်ကုန်ပြီလေ။ ဟုတ်ရဲ့လား။

တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို မပြောဘူး။ ကရင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအ
ကြောင်းနည်းနည်းလောက်လေ့လာကြည့်ကြရအောင် ကိုယ့်ကရင်အချင်းချင်းဆိုတော့လျှော့လျှော့ပေါ့ပေါ့
လေးပေါ့။
ကရင်တွေ ရွှေထီးဆောင်းခဲ့တဲ့ကာလကို မပြောသေးဘူး။ BGF လို့ခေါ်တဲ့ ကရင်နယ်ခြားစောင့်တပ်မပေါ်
ခင်က အချိန်လေးကိုကြည့်ကြရအောင်။
ဗမာစစ်တပ် ဘယ်ကလောက် လုပ်ပိုင်ခွင့်တွေပေးသလဲ။ ဘယ်လောက်အထိ ဖူးဖူးမှုတ်ထားသလဲ။
DKBA တွေအသိဆုံး။ BGF လည်းဖြစ်လာရော ဘာတွေဖြစ်ကုန်သလဲ။ အချင်းချင်းပြန်တီး ကြတာနဲ့ ကရင်
လူထုအတွက် လုပ်လို့ရသလောက် မလုပ်နိုင်တော့ဘူး။
KNU ကနေခွဲထွက်သွားတုန်းကတော့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်ပေါ့။ အခုတော့ ခါးတောင်းမျှောင်အောင်
ကျိုက်ပြီး ခရုဖမ်းဘို့တောင် မတတ်နိုင်တော့ဘူးမဟုတ်လား။
အဲဒီလိုပြောလိုက်လို့ ဗမာစစ်အစိုးရ ယိုထားတဲ့ အီအီးကို ပလုတ်ပလောင်းစားပြီးပြောနေတာ လို့ပြောမ
လား။
အခု သောင်ရင်းချောင်းထဲမှာ ခရုမှမရှိတော့တာပဲ။ ဘွာတေး ဘွာတေး။

မြိုင်ကြီးငူမှာဖြစ်တဲ့ကိစ္စကို ကြည့်လိုက် ကရင်အချင်းချင်းဖြစ်နေကြတာ။
အဲဒါကို အချင်းချင်းပြေပြေလည်လည် မဆွေးနွေးနိုင်တော့ ဗမာစစ်အစိုးရတပ် ခမရ ၃၃၈ ဗိုလ်မှူးထွန်းထွန်း
ဝင်း ဆိုတဲ့လူ ဘာပြောလိုက်သလဲ DKBA တွေ ထွက်သွားစမ်းဆိုပြီး မောင်းထုတ်ခံရတယ်မဟုတ်လား။
ကရင့်ကံကြမ္မာ ကရင်ဖန်တည်းမယ်ဆို။ ကိုယ့်မြေ ကိုယ့်ရေ ကိုယ်ပိုင်တဲ့နေရာမှာတောင် နေပိုင်ခွင့်မရှိ
တော့ဘူးဆိုတော့ ကိုယ့်အခြေအနေကို ကိုယ်သိသင့်တယ်။ တစ်ဖွဲ့တည်းကို ပြောနေတာမဟုတ်ဘူးနော်။
ကရင်အဖွဲ့အားလုံးကို ဆိုလိုတာ။

ပုဂ္ဂိုလ်ရေးကြောင့်ပဲဖြစ်ဖြစ် စီးပွါး ရေးကြောင့်ပဲဖြစ်ဖြစ် ကိုယ့်အချင်းချင်းရှင်းကြတာအကောင်းဆုံးပဲ။
ကျုပ်တို့အားလုံးက ကရင်လူထုကောင်းကျိုးအတွက် အလုပ်လုပ်ကြတဲ့ သွေးသောက်ရဲဘော်တွေလို့ ခံယူ
ထားကြတာမဟုတ်လား။ နာစရာရှိလျင် လွမ်းစရာလေးနဲ့ဖြေ။ လွမ်းစရာရှိလျင် နာတာလေးနဲ့ဖြေ။ အဲဒါမျိုး
ဖြစ်နေရမှာပေါ့။ ကိုယ့်အမျိုးကို နှစ်ပေါင်းခြောက်ဆယ်လောက် သတ်ဖြတ်နေတဲ့ ဗမာစစ်တပ်နဲ့တောင် ပြေ
ပြေလည်လည်ပြောဆိုနိုင်သေးတာပဲ။

အခုတော့ ကိုယ့်အချင်းချင်းကိစ္စကို ကိုယ်ကိုယ်တိုင်မဖြေရှင်းနိုင်တဲ့နောက် Peace Dialogue ဌာနက ဦး
အောင်နိုင်ဦး ဘယ်လိုပြောသလဲဆိုတော့ “ကျနော်တို့ အနေနဲ့က ဘက်ပေါင်းစုံက ဖြစ်ခဲ့တဲ့ကိစ္စတွေကို
သွားနားထောင်တယ်။ ကျနော်တို့ အနေနဲ့က ဘာမှဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ ဆုံးဖြတ်လို့လည်း မရပါဘူး။
ပြီးရင် ဒီဟာကို ကျ နော်တို့ မြန်မာငြိမ်းချမ်းရေးစင်တာ က လူကြီးတွေကို အစီရင်ခံစာတင်ရမယ်။
ဒါကို ဘယ်လို ဆက်သွားမလဲဆိုတာ သူတို့ဖာသာသူတို့ ဆုံးဖြတ်ပါလိမ့်မယ်” တဲ့။

ရန်သူလက်ထဲ ကိုယ့်ကိုယ်ကို ၀ကွက်အပ်လိုက်တာများလားလို့ တွေးမိတယ်။လျှော့လျှော့ပေါ့ပေါ့တွေးတာ
မိသားစုအတွင်းရေးကိစ္စတစ်ခု ညီအစ်ကိုရင်းဖြစ်တဲ့ပြဿနာကို ညီအစ်ကိုတွေမဖြေရှင်းပဲ တစိမ်းတရံစာကို
ဖြေရှင်းခိုင်းတဲ့အတွက်ရလာမယ့်ရလဒ်က အကောင်းဖြစ်လာနိုင်စရာမရှိတာတော့သေခြာတယ်။
ဘာကြောင့်လဲဆိုတော့ လာနားထောင်တဲ့ ပုဂ္ဂိုလ်တွေဆိုတာ စစ်ချက်ယူသွားတဲ့ ပုလိပ်တွေလိုပဲ။ ဘာမျှ
လုပ်ပိုင်ခွင့်မရှိဘူး။ အဲဒီမှာ ကျုပ်တို့အချင်း ချင်းဖြစ်တဲ့ပြဿနာကြောင့် နှစ်ဘက်စလုံးမှာရှိနေတဲ့ အားနည်း
ချက် ပျော့ညံ့ချက်တွေကိုရသွားပြီဆိုတာနဲ့ ကျုပ်တို့လည်မြိုကိုနင်းမှာအသေအခြာပဲ။

Myanmar Peace Center ဆိုတာ ဘယ်လောက်အားကိုးလို့ရမယ်ထင်သလဲ။ အဲဒီအဖွဲ့ထဲမှာ ကရင်တွေကို
အမျိုးဖြုတ်နေတဲ့လူတွေက လူကြီးလုပ်နေတာ။ ကဲ သူတို့ချမယ့်ဆုံးဖြတ်ချက်က ဆေးထိုးပြီးသတ်တာကို
အသေခံမလား သေနတ်နဲ့ပစ်သတ်တာကို ကြိုက်သလား လည်ပင်းကြိုးကွင်းစွပ်ပြီး အသတ်ခံမလား။
မင်းတို့အတွက် စိတ်မကောင်းပါဘူး ဆိုတဲ့ အပြောမျိုးလေးတောင်ပြောမှာမဟုတ်ဘူး။ ယုံရဲ့လား။

ဗိုလ်မှူးစန်းအောင်ပြောတာ ဟုတ်မဟုတ်တော့ အတိအကျမသိဘူး Myanmar Time ထဲမှာရေးထားတာ
ကတော့ ဒီကေဘီအေကို မြိုင်ကြီးငူက ထွက်သွားခိုင်းနေတယ်။ မျှတရင်လက်ခံမယ်။ မြိုင်ကြီးငူမှာ ဒီကေ
ဘီအေ မနေရဘူးဆိုရင် နယ်ခြားစောင့်တပ်လည်း မနေနဲ့။ အဲဒီလိုဆို သဘောတူတယ်" ဟု ဗိုလ်မှူးက
ပြောသည်။ ဆိုပြီးရေးထားတာ။

အဲဒီတော့ ဗိုလ်မှူးစန်းအောင်ပြောသည်ဖြစ်စေ၊မပြောသည်ဖြစ်စေ အဓိပ္ပါယ်က မင်းတို့ကရင်တွေတကောင်
မှမနေနဲ့ ငါတို့နေမယ် လို့ပြောသလိုလိုဖြစ်နေပါတယ်။
ကျုပ်ကြားမိတာကတော့ ကရင်ပြည်နယ်မှာ ကရင်စစ်သားတွေနေလို့မရဘူးဆိုလျင် ဘယ်မှာသွားနေမလဲ ဗမာစစ်သားတွေ ရန်ကုန်တိုင်း မန္တလေးတိုင်း ပြန်ဆိုလျင် ပြန်မလား ဆိုတာပဲကြားလိုက်ပါတယ်။
အဲဒါကြောင့် ဗိုလ်မှူးစန်းအောင်အနေနဲ့ အဲဒီစကားမျိုး တကယ်ပြောတယ် မပြောဘူးဆိုတာကို သူ့နဲ့ရင်းနှီး
တဲ့ ကရင်အမျိုးသားထဲ က မေးမြန်းစုံစမ်းပြီး ပြန်လည်ရှင်းလင်း ချေပပေးစေလိုပါတယ်။
ဘယ်လိုပဲဖြစ်နေပါစေ။ ကိုယ့်ညီအစ်ကိုတွေပဲလေ။
စောစောကပြောခဲ့သလို နာစရာရှိလျင် လွမ်းစရာလေးနဲ့ ဖြေ လိုက်ကြပါစို့။

ကျန်းမာချမ်းသာကြပါစေ

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)